ဒီးမော့ဆိုမြို့၊ ကယားလီဖူး နှစ်ခြင်းဘုရားကျောင်းရှေ့တွင် စစ်ကောင်စီထောင်ထားသော မိုင်းများကို KNDF ရှင်းလင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဒီးမော့ဆိုမြို့၊ ကယားလီဖူး နှစ်ခြင်းဘုရားကျောင်းရှေ့တွင် စစ်ကောင်စီထောင်ထားသော မိုင်းများကို KNDF ရှင်းလင်း

.

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖယ်ခူရပ်ကွက်၊ ကယားလီဖူးနှစ်ခြင်းဘုရားကျောင်းရှေ့ မိန်းလမ်းမ ပေါ်တွင် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းများးကို ယမန်နေ့ ဩဂုတ်လ ၁၉ ရက်က KNDF-BO-19 ဒီးမော့ဆိုဇုန်မှ ရှင်းလင်းခဲ့သည်ဟု သိရသည်။

.

.

ထိုသို့ ရှင်းလင်းရာတွင် စစ်ကောင်စီတပ်မှ ထောင်ထားခဲ့သည့် ၁၆ မိုင်း ၇ လုံး၊ ၁၄ မိုင်း ၁ လုံး၊ ဆွဲမိုင်း ၁ လုံး၊ ကာမိုင်း ၁ လုံးတို့ကို ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း KNDF-B0-19 သတင်းနှင့် ပြန်ကြားရေးက ယမန်နေ့ ညပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။

.

စစ်ကောင်စီတပ်များသည် အများပြည်သူ အသုံးပြုနေသော လမ်းများအပေါ် ရည်ရွယ်ချက်ရှိရှိ မိုင်းများထောင်နေသည် ကို တွေ့ရှိရသဖြင့် မိဘပြည်သူများ အသွားအလာ အထူးသတိထားကြရန်နှင့် လမ်းခရီးများ အသုံးပြုလျှင်လည်း သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းများအား မေးမြန်းစုံစမ်း၍ သွားလာကြရန် KNDF က မေတ္တာရပ်ခံ ထားသည်။

.

Journal Download

Photo of three cats