လွိုင်ကော် - ရှားတော လမ်းမကြီး တစ်လျှောက် ပြည်သူများ ဖြတ်သန်း သွားလာခြင်း မပြုရန် KNDF သတိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လွိုင်ကော် - ရှားတော လမ်းမကြီး တစ်လျှောက် ပြည်သူများ ဖြတ်သန်း သွားလာခြင်း မပြုရန် KNDF သတိပေး



ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော် - ရှားတော လမ်းမကြီး တစ်လျှောက်၌ ပြည်သူများ ဖြတ်သန်းသွားလာ ခြင်း မပြုရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ တပ်ရင်း (၁၄) က ယနေ့ သြဂုတ် ၁၀ ရက်တွင် ထုတ်ပြန်သည်။

.

လွိုင်ကော်မြို့နယ် လွိုင်ကော် - ရှားတော လမ်းမကြီး တစ်လျှောက်တွင် စစ်ကောင်စီ တပ်များ တပ်ပြင်ပ သွားလာလှုပ်ရှားမှုများ ရှိနေ၍ ထိတွေ့မှုများ ရှိနိုင်သောကြောင့် အဆိုပါ လမ်းပိုင်းကို ရက် အကန့်အသတ် မရှိ ပိတ်ပင်ထားမည်ဟု အသိပေးထားခြင်း သည်။

.

ထုတ်ပြန်ချက်အပေါ် လိုက်နာခြင်း မရှိပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် ပြဿနာများကို တာဝန်ယူ ဖြေရှင်းမည် မဟုတ်ကြောင်းကိုလည်း KNDF တပ်ရင်း (၁၄) က သတိပေးသည်။

.

Journal Download

Photo of three cats