.
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်
(KNDF) က ကရင်နီ (ကယား) ပြည်နယ်၊ ဒီမော့ဆိုမြို့နယ် အတွင်း အရေးပေါ် သတိပေးချက်ကို
ယနေ့ ဩဂုတ်လ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
.
အရေးပေါ်သတိပေးချက်တွင် စစ်ကောင်စီတပ်များ
တပ်စွဲထားသည့် ကျေးရွာများတွင် ပြန်လည်နေထိုင် အခြေချနေသော ကျေးရွာသူ/သားများ အနေဖြင့်
အတတ်နိုင်ဆုံး ကျေးရွာများမှ ထွက်ခွာရန်၊ စစ်ကောင်စီ တပ်စွဲထားသည့် ကျေးရွာများတွင်
မနေထိုင်ရန်၊ စစ်ကောင်စီ၏ အချိုသတ် စည်းရုံးသိမ်းသွင်းခြင်းမှ အတတ်နိုင်ဆုံး ရှောင်ထွက်ရန်၊
စစ်ကောင်စီ၏ လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ခြင်း မပြုရန် ဟု ဖော်ပြထားသည်။
.
အဆိုပါ အရေးပေါ်သတိပေးချက်ကို
KNDF တပ်ရင်း (၁)၊ (၅) နှင့် (၆) တပ်ရင်းမှူးများက လက်မှတ်ရေးထိုးထားခြင်း ဖြစ်ကာ တိုက်တွန်း
တောင်းဆိုချက်များအား လိုက်နာခြင်း မရှိပါက လုပ်ထုံး/လုပ်နည်းများနှင့် အညီ ဆောင်ရွက်သွားမည်ဟုလည်း
ဖော်ပြထားသည်။
.