ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းရှိ ခေါက်ပလော့ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KA နှင့် KNDF တပ်ရင်း(၅) တို့က ယမန်နေ့ သြဂုတ်လ ၁၄ ရက်၊ ညနေ ၆ နာရီခန့်တွင် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးအကြိမ် ၃၀ ကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ကရင်နီ ပူးပေါင်းတပ်ဖွဲ့ အနေဖြင့် အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု KNDF တပ်ရင်း(၅) က ထုတ်ပြန်သည်။
.
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။