.
စစ်ကိုင်းတိုင်းအတွင်းရှိ
ကျေးရွာတစ်ရွာတွင် အကြမ်းဖက်စစ်ကောင်စီ၏ မီးရှို့ ဖျက်ဆီးခံရသည့် ကျေးရွာတစ်ရွာ၏
မီးလောင်ပြင်၌ ယနေ့ ဩဂုတ်လ ၁၇ ရက်၊ နံနက်ပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီဝင်များ
နှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ် ပြုလုပ်ခဲ့ကြောင်း
သိရသည်။
.
.ထိုသို့ လူထုသပိတ်ပြုလုပ်ရာတွင်
ဆန္ဒပြပြည်သူများက “How many dead bodies UN need to take action ?” စာသားကို ကိုင်ဆောင်ပြီး ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ
အနေဖြင့် စစ်ကောင်စီ ခေါင်းဆောင် မင်အောင်လှိုင်ဘက်မှ မရပ်တည်ဘဲ
မြန်မာပြည်သူလူထုဘက်မှ ရပ်တည်ပေးရန် အတွက် တောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရသည်။
.
ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာသည် ယမန်နေ့
ဩဂုတ်လ ၁၆ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ယနေ့ ဩဂုတ်လ ၁၇ ရက်တွင် စစ်ကောင်စီခေါင်းဆောင်
မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ရှိနေသည်။
.