ရှမ်းတောင် (၁၀၀၈) တပ်ရင်းကို Free Burma Rangers က ကင်မရာ၊ GPS နှင့် သံလိုက်‌အိမ်မြောင်များ ထောက်ပံ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင် (၁၀၀၈) တပ်ရင်းကို Free Burma Rangers က ကင်မရာ၊ GPS နှင့် သံလိုက်‌အိမ်မြောင်များ ထောက်ပံ့

ရှမ်းတောင် (၁၀၀၈) တပ်ရင်းကို Free Burma Rangers က ကင်မရာ၊ GPS နှင့် သံလိုက်‌အိမ်မြောင်များ ထောက်ပံ့ ကူညီ ပေးအပ်ခဲ့သည်ဟု ယမန်နေ့ ဩဂုတ်လ ၂၉ ရက်တွင် ယင်းတပ်ရင်းက ထုတ်ပြန်သည်။

.

" 9 Sony recordings video cameras , 9 GPS , 9 Compass ကို မိမိတို့ ၁၀၀၈ တပ်ရင်း ရှမ်းတောင်အတွက် ကူညီထောက်ပံ့ပေးသော Free Burma Rangers က ဆရာ David’s Family နှင့် FBR Teams ကို အထူး ကျေးဇူးတင်ရှိပါတယ်။" ဟု (၁၀၀၈) တပ်ရင်း က ဆိုသည်။

.


နောင်တွင်လည်း အလုပ်များကို အတူတကွ ရှေ့ဆက်လုပ်ဆောင်သွားရန် ရှိ၍ အကောင်းဆုံး ကြိုးစားနေကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ရှမ်းတောင် (၁၀၀၈) တပ်ရင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဒေသ(၃) လက်အောက်ခံ တပ်ရင်းအဖြစ် မေလ ၁၄ ရက်တွင် စတင် ဖွဲ့စည်းခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

.

အဆိုပါ တပ်ရင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေး အင်အားစုများ ဖြစ်သည့် SSRY Eagle Force ၊ Dragon Force ၊ Tai PDF Cobra Force ၊ Dove Guerrilla Force ၊ Southern Shan Irine Force ၊ Dove KK Medical Crew (တပ်ရင်းဆေးတပ်) တို့ ပါဝင်ကြောင်း သိရသည်။

Journal Download

Photo of three cats