နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကို ထောင်ဒဏ်ချမှတ်မှု EU ရှုတ်ချ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကို ထောင်ဒဏ်ချမှတ်မှု EU ရှုတ်ချ

မြန်မာ အာဏာသိမ်းစစ်ကောင်စီ တရားရုံးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ခြင်းသည် တရားမျှတမှု မရှိသောကြောင့် ရှုတ်ချကြောင်း နှင့် ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် ဥရောပ သမဂ္ဂ (EU) ၏ နိုင်ငံတကာ မူဝါဒရေးရာ အကြီးအကဲ Josep Borrell က ယမန်နေ့တွင် တောင်းဆိုခဲ့သည်။

.

ထို့အတူ စစ်ကောင်စီအနေဖြင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန်နှင့် ပြည်သူလူထု၏ ဆန္ဒကို လေးစားလိုက်နာရန်ကိုလည်း တိုက်တွန်းကြောင်း Twitter တွင် ရေးသား တောင်းဆိုခဲ့သည်။

.



အသက် ၇၆ နှစ် ရှိပြီဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကို ယမန်နေ့ ဩဂုတ်လ ၁၅ ရက်တွင် အမှု ၃ ခုအတွက် ထောင်ဒဏ် ၃ နှစ်စီ တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချပြီး အခြား အမှုတစ်ခု အတွက် ထောင်ဒဏ် ၃ နှစ် ထပ်မံ ချမှတ်သဖြင့်၊ အမှု ၄ ခုအတွက် စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၆ နှစ် ချမှတ်ခြင်း ဖြစ်ကြောင်း သိရသည်။

.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယခုတွင် ထောင်ဒဏ် ၆ နှစ် ထပ်မံ ချမှတ်ခဲ့သဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats