ရွှေညောင်မြို့ရှိ EPC ရုံး ဗုံးခွဲတိုက်ခိုက်ခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေညောင်မြို့ရှိ EPC ရုံး ဗုံးခွဲတိုက်ခိုက်ခံရ

.

တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ယနေ့ ဩဂုတ်လ ၁၆ ရက်၊ နံနက်ပိုင်းက ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

.

.

ရွှေညောင်မြို့၊ လျှပ်စစ်အင်ဂျင်နီယာရုံးဝင်းအတွင်းသို့ ဗုံးပစ်ဖောက်ခံရခြင်းဖြစ်ပြီး မော်တော်ကားများ ပျက်စီးခဲ့ကာ လူထိခိုက်မှုရှိ/မရှိ မသိရသေးချေ။

.

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို မသိရှိရသေးကြောင်းနှင့် ပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် ရွှေညောင်မြို့ရှိ EPC ရုံးနှင့် ရဲစခန်းတို့တွင် စစ်ကောင်စီတပ်များက လုံခြုံရေးယူပေးလျက်ရှိကြောင်း သိရသည်။

.

ယခုနှစ် အစောပိုင်းကလည်း ရွှေညောင်နယ်မြေရဲစခန်းကိုလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက ဗုံးခွဲတိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

.


Journal Download

Photo of three cats