ရွှေညောင် EPC ရုံးဝင်းအတွင်း ဗုံးဖောခွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း JPGF ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေညောင် EPC ရုံးဝင်းအတွင်း ဗုံးဖောခွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း JPGF ထုတ်ပြန်

.

မ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ လျှပ်စစ်အင်ဂျင်နီယာရုံး (EPC) ၌ ဩဂုတ်လ ၁၆ ရက်က ဖြစ်ပွားခဲ့သည့်  ဗုံးပေါက်ကွဲမှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) က ယမန်နေ့ ဩဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

.


.

ရွှေညောင် EPC ရုံးသည် အာဏာသိမ်း စစ်ကောင်စီ အလိုကျ မီတာခများ အတင်းအဓမ္မ လိုက်လံ ကောက်ခံခြင်း၊ မီတာမဆောင်ပါက မီးဖြတ်မည်ဟု ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေကြောင်း JPGF ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

.

ထို့အပြင် အများပြည်သူများ အစစအရာရာ ခက်ခဲနေချိန်တွင် ခြိမ်းခြောက်။ ဖိနှိပ်ခြင်းသည် မလျော်ကန်သော လုပ်ရပ် ဖြစ်သည့် အတွက် ယင်းလုပ်ရပ်များ ရပ်နိုင်ရန် အပျော့စား ဗုံးခွဲ သတိပေးခြင်း ဖြစ်ကြောင်း JPGF ၏ ထုတ်ပြန်ချက် တွင် ဖော်စစ်ကောင်စီ အလိုကျ ပြည်သူလူထု အပေါ်  ခြိမ်းခြောက်ဖိနှိပ်ခြင်းများ ပြုလုပ်ပါက အဆိုပါ ရုံးဝန်ထမ်းများအား လုံးဝ ခွင့်လွှတ်ပေးမည် မဟုတ်ကြောင်း ဖော်ပြထားသည်?

.

Journal Download

Photo of three cats