.
ဒီးမော့ဆိုမြို့နယ်၊
ဒေါင်းငံခါးရပ်ကွက်သို့ ယမန်နေ့ ဩဂုတ်လ ၂၃ ရက်၊ နေ့လယ်ပိုင်းက စစ်ကြောင်းထိုးလာသည့်
စစ်ကောင်စီတပ်သားများ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) ထောင်ထားသည့် မိုင်း များနင်းမိပြီး
အနည်းဆုံး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များနှင့်
DMO-PDF၊ အလယ်ပိုင်းတိုင်း
(၁၁၀၂) ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီတပ်သား အနည်းဆုံး
၂ ဦး သေဆုံးကာ DMO-PDF မှ ရဲဘော်တစ်ဦး လက်နက်ကြီးထိမှန် ကျဆုံးခဲ့ကြောင်း
သိရသည်။
.
ကျဆုံးခဲ့တဲ့
ရဲဘော် ဦးအေရစ်ကို၏ စျာပနကို ယနေ့ ဩဂုတ် ၂၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
Photo - DMO PDF
.