.
ကရင်နီ (ကယား) ပြည်နယ်၊
ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ ဩဂုတ်လ ၃ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီတပ်သား ၂ ဦးအား
ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-LPDF)
မှ စနိုက်ဘာဖြင့် ရှင်းလင်းနိုင်ခဲ့ကြောင်း DMO-LPDF က သတင်းထုတ်ပြန်ထားသည်။
.
.
ဒီးမော့ဆိုမြို့၊ မြို့မရပ်ကွက်၊
မြို့တော်ခန်းမအနီးတွင် အထိုင်တပ်စခန်းချဲ့ရန် လုပ်ဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ အား DMO-LPDF ဗျူဟာ (၃) မှ တပ်ဖွဲ့မှ ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါတိုက်ခိုက်မှုတွင် DMO-LPDF
အဖွဲ့၏ စနိုက်ဘာလက်ချက်ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးခန့်
အား ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
တိုက်ခိုက်မှုတွင်
စစ်ကောင်စီတပ်မှ လက်နက်ကြီးအများအပြား အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း DMO-LPDF အဖွဲ့မှ တစ်စုံတစ်ရာ ထိခိုက်မှု
မရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.