ပင်လောင်းမြို့နယ်၊ တီကျစ် အခြေစိုက် စစ်ကောင်စီတပ်၏ ခမရ(၅၁၁)မှ တပ်ကြပ်ကြီး တစ်ဦးသည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်လာကြောင်း ပုလဲမြို့နယ် တပ်ရင်း (၉)၊ ရိုးမရာဇာ က ယနေ့ ဩဂုတ်လ ၂၂ ရက်တွင် သတင်းထုတ်ပြန်သည်။
.
" ပြည်သူ့ရင်ခွင်သို့ ခိုလှုံ CDM လုပ် ဝင်ရောက်လာသော တပ်မ(၅၅) လက်အောက်ခံ တပ်ရင်းအမှတ် (၅၁၁)မှ ကွန်ပြူတာဒီပလိုမာ တပ်ကြပ်ကြီး စိုးခိုင်လင်း အား ဂုဏ်ပြု ကြိုဆိုပွဲဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ပါသည်။ " ဟု ပုလဲမြို့နယ် တပ်ရင်း (၉)၊ ရိုးမရာဇာ က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ CDM တပ်ကြပ်ကြီး စိုးခိုင်းလင်းသည် ပြီးခဲ့သော ဩဂုတ်လ ၁၆ ရက်က CDM ပြုလုပ်ရန် အကြောင်းကြားခဲ့ပြီးနောက် ဩဂုတ်လ ၂၁ ရက်တွင် ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။