မိုင်းဖြတ်တွင် ယာဉ်တိုက်မှု ဖြစ်၍ ဒဏ်ရာ ရသူနှင့် ပျက်ဆီးမှုများ ရှိသော်လည်း စစ်တပ်နှင့် နီးစပ်သူဖြစ်၍ အမှု မဖွင့်ဘဲ ထိန်ချန်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းဖြတ်တွင် ယာဉ်တိုက်မှု ဖြစ်၍ ဒဏ်ရာ ရသူနှင့် ပျက်ဆီးမှုများ ရှိသော်လည်း စစ်တပ်နှင့် နီးစပ်သူဖြစ်၍ အမှု မဖွင့်ဘဲ ထိန်ချန်ထား


မိုင်းဖြတ်မြို့တွင် ယာဉ်တိုက်မှု ဖြစ်၍ ဒဏ်ရာ ရသူများ ရှိသည့်အပြင် ပျက်ဆီးဆုံးရှုံးမှုများ ရှိသော်လည်း ပြစ်မှုကျူးလွန်သူ ယာဉ်လိုင်း ပိုင်ရှင်မှာ စစ်တပ်နှင့် နီးစပ်သူဖြစ်၍ အမှု မဖွင့်ဘဲ ထိန်ချန်ထားကြောင်း သိရသည်။

.

ယမန်နေ့ ဩဂုတ်လ ၂၂ ရက်၊ နေ့လယ်ပိုင်းတွင် မိုင်းဖြတ်မြို့၊ ဝမ်ဟွေရပ်ကွက် အနီး မိုင်းဖြတ် - ကျိုင်းတုံသွား ကားလမ်းမကြီး၌ ကျိုင်းတုံမြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ ယာဉ်မောင်း ဇော်လှိုင် မောင်းနှင်လာ​သော ယာဉ်အမှတ်၊ 1F / 7212 NISSAN ၁၂ ဘီးယာဥ်သည် လားရာတူဘက်သို့ ယာဉ်မောင်း ကျော်စွာဝင်း မောင်းနှင်​နေ​သော အီတန်ယာဉ်ကို နောက်မှ ဝင်တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။

.


ယာဉ်တိုက်မှုကြောင့် အီတန်ယာဉ်‌ပေါ်တွင် လိုက်ပါ စီးနင်းလာသော အသက် ၁၀ နှစ်အရွယ် ကလေးငယ် အပါအဝင် လူအချို့ ဒဏ်ရာများ ရရှိခဲ့သည့် အပြင် ၁၂ ဘီးယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ နေအိမ် တစ်ခုကို ဆက် တိုက်မိသဖြင့် ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

.

" အိမ်ကို ဝင်တိုက်လို့ သိန်း ရာဂဏာန်းလောက် ပျက်ဆီးသွားတယ်။ အီတန်ကားပေါ်မှာက ၅ ယောက် ပါတာ၊ ဆေးရုံ အကုန်ပို့တာ။ ၁၀ နှစ်လောက် ရှိတဲ့ ကောင်လေးကတော့ ခေါင်းကွဲသွားလို့ ချုပ်လိုက်ရတယ်။ ကျန်တဲ့သူတွေကဝောာ့ ထိခိုက်တာ နည်းတယ်။" ဟု သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

.


ယင်းကဲ့သို့ လူထိခိုက်မှု ရှိပြီး ပျက်ဆီးဆုံးရှုံးမှုများ ရှိသော်လည်း ပြစ်မှု ဖြစ်ပွားစေသည့် ၁၂ ဘီးယာဉ်၏ ယာဉ်လိုင်းပိုင်ရှင်မှာ စစ်ကောင်စီတပ်နှင့် နီးစပ်သူ ဖြစ်၍ ရဲတပ်ဖွဲ့က အမှု မဖွင့်ရဲဘဲ ထိန်ချန်ထားသည်ဟု သိရသည်။

.

အဆိုပါ စစ်ကောင်စီတပ်နှင့် နီးစပ်မှုရှိသည် ဆိုသော ယာဉ်လိုင်းကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Journal Download

Photo of three cats