.
ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် ယနေ့
ဩဂုတ်လ ၁၆ ရက်တွင် မြန်မာနိုင်ငံကို လာရောက်ရန်ရှိကြောင်း သိရသည်။
.
.အထူးကိုယ်စားလှယ် နိုလင်းဟေဇာအနေဖြင့်
မြန်မာပြည်တွင်းရှိ ယိုယင်းနေသည့် အခြေအနေများကို ဖြေရှင်းရေး အပြင် အခြားကိစ္စရပ်များကို
၎င်းအားပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ဘောင်အတွင်းမှ အဓိကထား လုပ်ဆောင်ရန် ရှိနေကြောင်း
သိရသည်။
.
ထို့အပြင် အထူးကိုယ်စားလှယ်သည်
နိုင်ငံရေးအသိုင်းမှ ပါဝင်ပတ်သက်သူ အးလုံးအပါအဝင် အရပ်ဖက်အဖွဲ့အစည်း များ၊ လက်ရှိ ပဋိပက္ခကြောင့်
ထိခိုက်ခံစားနေရသူများ အားလုံးနှင့် တွေ့ဆုံဆွေးနွေးသွားရန် ရှိနေကြောင်း သိရသည်။
.
နိုလင်းဟေဇာသည် ပြီးခဲ့သည့်
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလအတွင်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ
အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရခြင်းဖြစ်ပြီး ၁၀ လအကြာမှသာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်
လာရောက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
.
မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှ
ပါဝင်ပတ်သက်သူများ အားလုံးနှင့် တွေ့ဆုံမည်ဟု ဆိုထားသော်လည်း ၎င်းအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွ့င်ရ/မရကို မသိရှိရသေးချေ။
.
စစ်ကောင်စီကမူ ဒေါ်အောင်ဆန်းစုကြည်သူ
အမှုရင်ဆိုင်နေရသူဖြစ်သည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူး ကိုယ်စားလှယ်များနှင့်မူ
တွေ့ဆုံခွင့် မပြုခဲ့ချေ။
.