ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေအိမ်ပေါင်း ၁၃၂ လုံး မီးရှို့ဖျက်ဆီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်တောင်ပိုင်းတွင် နေအိမ်ပေါင်း ၁၃၂ လုံး မီးရှို့ဖျက်ဆီးခံရ



ရှမ်းပြည်နယ်တောင်ပိုင်း၌ အာဏာသိမ်း ကာလအတွင်း နေအိမ်ပေါင်း ၁၃၂ လုံး စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ မီးရှို့ဖျက်ဆီးမှုကို ခံခဲ့ရကြောင်း သိရသည်။

.

စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ အာဏာသိမ်းကာလ ဩဂုတ်လ ၂၅ ရက်နေ့ထိ နေရာပေါင်း ၆၇၄ နေရာတွင် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၂၈၄၃၄ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း Data for Myanmar က ယနေ့ ဩဂုတ်လ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

.

ရှမ်းပြည်နယ်တောင်ပိုင်းမှ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များမှာ ဖယ်ခုံမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပဲခူးတိုင်း(အရှေ့ပိုင်း)တွင် ၁၆ လုံး၊ ပဲခူးတိုင်း(အနောက်ပိုင်း)တွင် ၂၇ လုံး၊ ချင်းပြည်နယ်တွင် ၁၄၇၄ လုံး၊ ကချင်ပြည်နယ်တွင် ၄၀၅ လုံး၊ ကယား(ကရင်နီ) ပြည်နယ်တွင် ၄၁၈ လုံး၊ ကရင်ပြည်နယ်တွင် ၇ လုံး၊ မကွေးတိုင်းတွင် ၅၄၁၈ လုံး၊ မန္တလေးတိုင်းတွင် ၇၅ လုံး၊ မွန်ပြည်နယ်တွင် ၂၁၁ လုံး၊ စစ်ကိုင်းတိုင်းတွင် ၂၀၁၅၃ လုံး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ၁၃၂ လုံး၊ တနင်္သာရီတိုင်းတွင် ၉၈ လုံး စသည်ဖြင့် မီးရှို့ဖျက်ဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats