သမ္မတရူး နဲ့ အောက်ခြေက ချေး (ချီး) ပေများ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

သမ္မတရူး နဲ့ အောက်ခြေက ချေး (ချီး) ပေများ

.


.

ပြည်သူတွေ ကြုံတွေ့နေရတဲ့ စားဝတ်နေရေး အကြပ်အတည်းက ဝါးလုံးခေါင်းထဲ ဆင်မောင်းသွင်းနေသလိုမျိုး။ စစ်မှန်တဲ့ သမ္မာအာဇီဝကျတဲ့ လုပ်ငန်းမှန်သမျှ အခက်အခဲတွေနဲ့ချည်း။ ပြေလည်အောင် ကြိုးစားရုန်းကန်တဲ့ ကြားက အရာရာ ဇောက်ထိုးဆင်းတာနဲ့ ကြုံတွေ့နေကြရတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျဆင်းရာကနေ အခုဆို ကုန်းကောက်စရာမရှိအောင် ဖြစ်သွားတဲ့အနေအထား။

.

သူ့လက်ထက်မှာ တိုင်းပြည်စီးပွားရေး တိုးတက်အောင်လုပ်ဆောင်မယ်။ လျှပ်စစ်ရထားတွေ တိုင်းပြည်အတွင်း ပြေးဆွဲတော့မယ်ဆိုတဲ့ မစားရဝခမန်း စကားလုံးတွေပါ။ အမှန်တကယ်တမ်းတော့ အရူးချီးပန်း စကားပြောတယ်ဆိုတဲ့ စကားလုံးဟာ သူနဲ့ အတော်ကိုက်ညီနေပါတယ်။

.

တိုင်းပြည်တစ်ခု ပြည်သူတွေ ပိုင်ဆိုင်ရမယ့်အာဏာကို စစ်တပ်က အာဏာသိမ်းလိုက်တိုင်း အဲဒီတိုင်းပြည် ဆင်းရဲ မွဲတေသွားရတာ ကမ္ဘာနဲ့အဝှမ်း သက်သေတွေ အမြောက်အများရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဟာလည်း ဘိုနေဝင်း အာဏာရူးချိန်ကစလို့ ပြည်သူတွေ ဆင်းရဲမွဲတေမှုနဲ့ စတင်ကြုံတွေ့ခဲ့ရတယ်။ နောက်ပိုင်း ဒေါ်စိန်အေး ကျောင်းဆင်း တွေက ဆက်အမွေခံလာတဲ့အတွက် မြန်မာပြည်သူတွေ ဆင်းရဲတွင်းထဲက မတက်နိုင်ခဲ့ဘူး။

.

စစ်တပ်ဆိုတာ တိုင်းပြည်ကိုထိပါးလာမယ့် ရန်စွယ်တွေကို ကာကွယ်ဖို့၊ တိုင်းပြည်အတွင်း မှီတင်းနေထိုင်တဲ့ ပြည်သူ တွေကို ကာကွယ်စောင့်ရှောက်ဖို့လို့ ဆိုထားပေမဲ့ ဒေါ်စိန်အေးကျောင်းဆင်းတွေကတော့ အားလုံးကပြောင်းကပြန်။ လက်နက်အားကိုး တိုင်းပြည်အာဏာသိမ်းပြီးတာနဲ့ ကိုယ်ကျိုးရှာ အမြတ်ထုတ်ဖို့ပဲ လုပ်ကြတယ်။

.

ဒီလို လုပ်ဆောင်တဲ့နေရာမှာလည်း အောက်ခြေ တပ်မတော်သားတွေရဲ့ အကျိုးစီးပွားတော့ ပါဝင်ခြင်းမရှိခဲ့ပါဘူး။ အာဏာရူး ထိပ်ပိုင်းလူတစ်စု ကောင်းစားရေးကိုသာ ဦးတည်လုပ်ဆောင်နေကြတာပါ။ ဒါကို အောက်ခြေစစ်သည်တွေ ကိုယ်တိုင် သိပေမဲ့ သူတို့ကိုယ်တိုင် အကြောက်တရားတွေ ရိုက်မောင်းအသွင်းခံထားကြရလို့ ပြန်လှန်ရဲတဲ့သတ္တိတွေ ပျောက်ဆုံးနေကြရတယ်လို့ သုံးသပ်မှုတွေရှိပါတယ်။

.

အမှန်ကတော့ သူတို့အောက်ခြေစစ်သားတွေ ကိုယ်တိုင် အကြောက်တရားနဲ့ ဖြစ်နေကြတာ မျိုးပေါ့။ သူတို့ကို အသုံးချပြီး ထိပ်ပိုင်းအာဏာရူးတွေ ကောင်းစားရေးလုပ်နေမှန်း အတော်များများက သိကြတယ်။ ဒါပေမဲ့ သူတို့တွေ ကိုယ်တိုင်က အကြောက်တရားတွေနဲ့ ဖြစ်နေတော့ အာဏာရူးတွေ ပိုရူးလို့ကောင်း၊ ပိုသက်ဆိုးရှည်သလို ဖြစ်နေတာလို့ အငြိမ်းစားတစ်ဦးက သုံးသပ်ပြောကြားတယ်။

.

လက်ရှိ စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းချိန်ကစပြီး တိုင်းပြည်စီးပွားရေး အကြောင်းအရာတွေ မကြာခနဆိုသလို ပြောတတ်ပါတယ်။ သူ့လက်ထက်မှာ တိုင်းပြည်စီးပွားရေး တိုးတက်အောင်လုပ်ဆောင်မယ်။ လျှပ်စစ်ရထားတွေ တိုင်းပြည်အတွင်း ပြေးဆွဲတော့မယ်ဆိုတဲ့ မစားရဝခမန်း စကားလုံးတွေပါ။ အမှန်တကယ်တမ်းတော့ အရူးချီးပန်း စကားပြောတယ်ဆိုတဲ့ စကားလုံးဟာ သူနဲ့ အတော်ကိုက်ညီနေပါတယ်။

.

‌ခေတ်စကားနဲ့ပြောရရင် သူပြောတဲ့စကားလုံးတိုင်း သောက်တလွဲတွေချည်းပါ။ ၂၀၂၁ ဖေဖော်ရီ ၁ ရက် အာဏာ သိမ်းချိန် ကစပြီး အကောင်းဘက် ခရီးပေါက်နေတဲ့ တိုင်းပြည်စီးပွားရေးဟာ အပ်ချည်ကြိုးကို ဓားမနဲ့ခုတ် ဖြတ်ခံ လိုက်ရသလို အဖြစ်မျိုး ကြုံတွေ့လိုက်ရပါတယ်။

.

ကျန်ခဲ့တဲ့ ၁၀ နှစ်လောက်အတွင်း တိုင်းပြည်စီးပွားရေးက နည်းနည်းကောင်းခဲ့တာပေါ့။ ပြည်သူတွေ လုပ်ကိုင် စားသောက်လို့ရတဲ့ အခြေအနေမျိုးမှာ ရှိခဲ့တယ်။ အခုစစ်တပ်က ထပ်ပြီးအာဏာသိမ်းလိုက်တော့ ပြည်သူတွေက မငတ်ရုံတမယ်ဖြစ်နေကြတာ။ စီးပွားရေး မကောင်းတဲ့အပြင် နေရထိုင်ရတာလည်း လုံခြုံမှု မရှိတော့ဘူးလို့ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ကိုင်သူတစ်ယောက်က ပြောတယ်။

.

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေရဲ့ သွားလာမှုလုံခြုံရေးလည်း အတော်ကြီး စိတ်ပျက်စရာကောင်း လာပါတယ်။ ကိုယ်ပိုင်ခရီးတစ်ခုအတွက် စိတ်အေးလက်သာ သွားလာဖို့ မလွယ်ကူတော့ပါဘူး။ လက်နက်ကိုင် စစ်ကောင်စီတပ်သားနဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့တွေရဲ့ ရမ်းကားမှုတချို့က ပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက် နေပါတယ်။ သွားလာမှု မလုံခြုံတာနဲ့ ပတ်သက်ပြီး မွေးမြူရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတစ်ယောက်က သူကြုံတွေ့ရတာကို အခုလိုပြောပါတယ်။

.

“ကျွန်တော်က ဥစားကြက်နဲ့ အသားစားကြက်တွေ မွေးထားတယ်။ ကြက်ခြံကထွက်တဲ့ ကြက်ချေးကို ပြောင်းစိုက်ခင်း ထဲမှာသုံးဖို့ ကားနဲ့သယ်လာတာပေါ့။ လမ်းမှာ စစ်ဆေးရေးနဲ့ကြုံတော့ ကြက်ချေးတွေ သယ်လို့မရဘူးတဲ့။ ကိုယ်မွေး ထားတဲ့ ကြက်ဖင်ကထွက်တဲ့ ကြက်ချေးတောင် ကိုယ့်စိုက်ခင်းထဲသုံးဖို့ သယ်တာ အရစ်ခံရလို့ ထုံးစံအတိုင်း ပေးခဲ့ရ တယ်” လို့ပြောတယ်။

.

စစ်ကောင်စီ လက်အောက်ခံတွေ ထင်သလိုရမ်းကားမှုတွေ ရှိပေမဲ့ ပြည်သူတွေအနေနဲ့ ပြန်ပြောခွင့်မသာတဲ့ အနေ အထား။ ပြန်အတွန့်တက်တာနဲ့ ဘာမှမလုပ်တဲ့ ပြည်သူကို တွေ့ကရာအမှုတပ်ဖို့ ဝန်မလေးတဲ့ လူစားတွေ။ ခက်ခဲ ကြပ်တည်းနေတဲ့ ပြည်သူတွေကို ကိုယ်ချင်းစာရမှန်းမသိ၊ ငတေမာရင်ပြီးရောဆိုတဲ့ ခွက်လက်ဆွဲတွေ ဆိုရမလား။

.

စစ်ကောင်စီ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော် ကာလအတွင်း တိုင်းပြည်စီးပွားရေး ကျသထက် ကျဆင်းလာနေပါတယ်။ ပြည်သူတွေရဲ့ ဆင်းရဲမှုအညွှန်းကိန်းက ကုန်းကောက်စရာမရှိအောင်ပါ။ ခရီးတစ်ခု သွားရေးလာတာအတွက် လုံခြုံမှု မရှိတဲ့ အနေအထား။ ဒီလိုအခြေအနေမှာ စစ်ခေါင်းဆောင်ကတော့ ချီးပေတဲ့ဉာဏ်နဲ့ စပါးကို ပန်းအိုးနဲ့စိုက်ဖို့ ကြိုးစား နေတုန်း။ အာဏာရူးရင်း သမ္မတရူးအိပ်မက် မက်နေတုန်း။ အရူးကိုဘုံမြှောက်ရင် အိမ်ဦးခန်း ချီးပေတာကလွဲလို့ အကျိုးဖြစ်ထွန်းမှာ မဟုတ်တဲ့အတွက် အရူးများ ချီးတွင်းထဲ ကန်ချဖို့သာ လိုအပ်နေပါကြောင်း။

.


Journal Download

Photo of three cats