.
တာချီလိတ်မြို့၊ တော်ကော့ပြင်ရပ်ကွက်၊
ဘုန်းကြီးကျောင်းအနီးတွင် ယနေ့ ဩဂုတ်လ ၂၇ ရက်၊ နံနက် အစောပိုင်းက ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦးကို
ကားတစ်စီးမှ ဝင်ရောက်တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
.
.
ကားဖြင့် တိုက်ခံရသူ
အမျိုးသားမှာ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်နေ ကိုမင်းမင်းသူ ဆိုသူဖြစ်ပြီး ပွန်းပဲ့
ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဒဏ်ရာရရှိသူအား
တာချီလိတ် လူမှုကူညီရေးအသင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း
သိရသည်။
.
ဓါတ်ပုံ - တာချီလိတ်လူမှုကူညီရေးအသင်း
.