ကော့ကရိတ်မြို့ပေါ်၌ ယနေ့ ဩဂုတ်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ရဲမှူး အပါအဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း KNU က အတည်ပြု ထုတ်ပြန်သည်။
.
ထို့အပြင် လက်နက် ၆ လက်နှင့် ဥပဒေအရာရှိ တစ်ဦး၊ ရုံးလုပ်သား တစ်ဦးတို့ကိုလည်း အရှင် ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
စစ်အာဏာရှင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ကော့ကရိတ်မြို့ပေါ်ရှိ ရဲစခန်း ၂ ခုကို တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
တိုက်ပွဲမှာ ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲ အပြီးတွင် စစ်ကောင်စီတပ်က လူနေ ကျေးရွားများသို့ လက်နက်ကြီးဖြင့် အချက်ရေ ၅၀ ထက်မနည်း ပစ်ခတ်ခဲ့သဖြင့် အရပ်သားတစ်ဦး စိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။