လမ်းဂိတ်ကြေး ပေးဆောင်ရငွေ များလာသည့်အတွက်ကုန်တင်ယာဉ်မောင်းများ အခက်တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လမ်းဂိတ်ကြေး ပေးဆောင်ရငွေ များလာသည့်အတွက်ကုန်တင်ယာဉ်မောင်းများ အခက်တွေ့

.

မြန်မာနိုင်ငံတစ်ဝှမ်းမှ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဝင်ရောက်နေသည့် ကုန်တင်ယာဉ်ကြီးများ အနေဖြင့် မြို့နယ် အသီးသီး လမ်းမပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင် လမ်းဂိတ်ကြေးငွေ ပေးဆောင်ရမှု များပြားလာသည့်အတွက် ယာဉ်မောင်းများ အခက်အခဲဖြစ်ပေါ်နေရကြောင်း သိရသည်။

.

.

ရှမ်းပြည်နယ်တောင်ပိုင်းသို့ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ တာချီလိတ်၊ ကျိုင်းတုံနှင့် အခြားမြို့များမှ ဒေသထွက်ကုန်နှင့် စက်သုံးဆီတင် ယာဉ်ကြီးများ နေ့စဉ်ဝင်ရောက်နေသော်လည်း လမ်းမကြီးများပေါ်တွင် တရားမဝင် ပေးဆောင်ရသည့် ငွေ များပြားလာကြောင်း ကုန်တင်ယာဉ်မောင်းများက ပြောဆိုကြသည်။

.

“အခုက လမ်းပေါ်မှာ ဘယ်ဂိတ်တွေ့တွေ့ အနည်းဆုံး ၃၀၀၀ နဲ့ ၅၀၀၀ ကြားပေးနေရတာပေါ့။ လမ်းတစ်ကြောင်း လုံးဆို ပေးရတဲ့ဂိတ်ကြေးတွေက တော်တော်များတယ်။ မပေးပြန်ရင်လည်း အရစ်ခံနေရတာနဲ့ ကားက ထွက်လို့မရ တော့ ပေးနေရတာပဲ” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

.

မြန်မာနိုင်ငံတစ်ဝှမ်း စက်သုံးဆီဈေးနှုန်းများ အဆမတန်တက်နေသည့်အတွက် ကုန်စည်ပို့ဆောင်ခများ တက်နေသည့် အချိန်တွင် ယခုကဲ့သို့ တရားမဝင်ပေးဆောင်ရသည့် လမ်းဂိတ်ကြေးများကြောင့် ကုန်ဈေးနှုန်းများ ဆက်တက်သွားနိုင် ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ လာရောက်သည့် ခရီးလမ်းတစ်လျှောက်တွင် ယခင်က လမ်းဂိတ်ကြေး ကျပ်တစ်သိန်းခန့်သာ ကုန်ကျခဲ့ပြီး စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း အံစာတုံးကားငယ် တစ်စီးအတွက် လမ်းကြေးကုန်ကျစရိတ် ကျပ် ၅ သိန်းခန့်ရှိလာကြောင်း ယာဉ်မောင်းတစ်ဦးက ပြောဆိုခဲ့သည်။

.

Photo – Internet

.

Journal Download

Photo of three cats