မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်တွင် တိုက်ပွဲ ဖြစ်၊ စစ်ကောင်စီတပ် အထိအခိုက် များ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြဝတီ - ဝေါ်လေ ကားလမ်းမပေါ်တွင် တိုက်ပွဲ ဖြစ်၊ စစ်ကောင်စီတပ် အထိအခိုက် များ

မြဝတီ - ဝေါ်လေ ကားလမ်း၊ သုံးထပ်ကွေ့အနီးရှိ နေရာ တစ်ခုသို့ စစ်ကောင်စီတပ်၏ တပ်မ (၄၄) လက်အောက်ခံ တပ်များက ယနေ့ ဩဂုတ်လ ၅ ရက်တွင် လက်နက်ကြီးများ အဆက်မပြတ် ပစ်ကာ အင်အား အလုံးအရင်းဖြင့် ချီတက်လာရာ ကော်ဘရာစစ်သည်များနှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.


စစ်ကောင်စီတပ်သည် ညနေပိုင်းတွင် အထိအခိုက် များပြားစွာဖြင့် ပြန်လည် ဆုတ်ခွာသွားကြသည်ဟု Cobra Column က ထုတ်ပြန်သည်။

.

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးကာ ၄ ဦးထက် မနည်း၊ အများအပြား ပြင်းထန်ဒဏ်ရာ ရရှိခဲ့‌ပြီး ကော်ဘရာ စစ်သည် ၂ ဦး ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ပြီး ၁ ဦး (မစိုးရိမ်ရ) ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats