.
တောင်ကြီးမြို့၊ စဝ်စံထွန်းဈေးအတွင်းရှိ
ဆိုင်ခန်းများ အရောင်းအဝယ်နည်းပါးပြီး ဆိုင်ခန်းအချို့မှာ ပိတ်ထားရကြောင်း သိရသည်။
.
.စက်သုံးဆီဈေးနှုန်း
အဆမတန် မြင့်တက်လာမှုနှင့်အတူ အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်လာနေသည့်အတွက် အရောင်းအဝယ်
နည်းပါးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။
.
“စနေ၊ တနင်္ဂနွေလို
ရက်မျိုးဆိုရင်တော့ နည်းနည်းပါးပါး အရောင်းအဝယ်ရှိတယ်။ ကြားရက်ကတော့ လူလည်း ပါး၊ အရောင်းအဝယ်လည်း
ပါးပါတယ်” ဟု စဝ်စံထွန်းဈေးအတွင်း ဈေးဆိုင်ခန်းဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ပြောသည်။
.
အဆို့ပါ စဝ်စံထွန်းဈေးအတွင်း
ဈေးရုံ ၄ ရုံ၊ ဈေးဆိုင်ခန်းပေါင်း ၈၃၀ ကျော်ရှိပြီး ဆိုင်ခန်းအချို့မှာ အရောင်းအဝယ်
နည်းပါးနေသည့်အတွက် ပိတ်သိမ်းထားကြကြောင်း သိရသည်။
.