တောင်ကြီးမြို့တွင်းရှိ ဖြူ/နီကြား ကပ်တုံးနှင့် တိုင်နေရာ တို့တွင် မော်တော်ယာဉ်များ မရပ်ရန် တားမြစ်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့တွင်းရှိ ဖြူ/နီကြား ကပ်တုံးနှင့် တိုင်နေရာ တို့တွင် မော်တော်ယာဉ်များ မရပ်ရန် တားမြစ်ထား

ဓါတ်ပုံ | တောင်ကြီးမြို့ တစ်နေရာ

တောင်ကြီးမြို့ အတွင်း ဖြူ/နီကြား အမှတ်အသား ပါရှိသော ကပ်တုံးနှင့် တိုင်နေရာ တို့တွင် မော်တော်ယာဉ်အား ရပ်ဆိုင်းခြင်း၊ ရပ်နားခြင်း မပြုလုပ်ရန် ယာဉ်မောင်းသူများကို စစ်ကောင်စီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့က တားမြစ်ထားကြောင်း သိရသည်။

.

ယင်းနေရာများတွင် ရပ်နားထားသည်ကို စစ်ဆေးတွေ့ရှိပါက ဩဂုတ်လ ၂၂ ရက်မှ စတင်၍ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း သိရသည်။

.

" ခုက ပညာပေးကာလ သဘောမျိုးပေါ့၊ သတ်မှတ်ရက် ရောက်ရင်တော့ အရေးယူမှာ။ " ဟု အမည် မဖော်လိုသူ သတင်းရင်းမြစ်က ပြောသည်။

.

ဖြူ/နီကြား အမှတ်အသား ပါရှိသော ကပ်တုံးနှင့် တိုင်နေရာ တို့တွင် မော်တော်ယာဉ်အားအချိန် ကြာမြင့်စွာ ရပ်နားထားပြီး ယာဉ်မောင်းအား ဆက်သွယ်၍ မရပါက ၎င်းယာဉ်အား ကရိန်း အသုံးပြု၍ သယ်ဆောင်မည် ဖြစ်ပြီး ကုန်ကျစရိတ်အား ကျခံရမည့် အပြင် ပျက်ဆီးမှုအား တာဝန်ယူမည် မဟုတ်ကြောင်း အသိပေးစာတွင် ဖော်ပြထားသည်။

.

ယာဉ်မောင်းသူများ အနေဖြင့် မော်တော်ယာဉ်၏ ရှေ့လေကာမှန် အတွင်း၌ ဆက်သွယ်ရန် ဖုန်းနံပါတ်ကို ရေးသားထားရန် အကြံပြုသည်ဟုလည်း အဆိုပါ အသိပေးစာတွင် ဖော်ပြပါရှိသည်။

.

ထို့အပြင် လိုင်စင်မဲ့ယာဉ် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါက ပို့ကုန်သွင်းကုန်ဥပဒေအရ အရေးယူခံရမည် ဖြစ်ပြီး ပိုင်ရှင်မှ လာရောက် မဖြေရှင်းပါက ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းမည် ဖြစ်ကြောင်း သိရသည်။

Journal Download

Photo of three cats