.
လားရှိုးမြို့ပေါ်တွင်
ယမန်နေ့ ဩဂုတ်လ ၂၆ ရက်၊ ညပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ ဩဂုတ်လ
၂၇ ရက်၌ မြို့ပေါ်ရပ်ကွက် အချို့ ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
.
.ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်
ရပ်ကွက်များမှာ ရပ်ကွက် (၁)၊ ရပ်ကွက် (၈)၊ ရပ်ကွက် (၉) နှင့် ရပ်ကွက် (၁၂) တို့ ဖြစ်ကြောင်း
သိရသည်။
.
ရေဝင်ရောက်နေသော နေအိမ်များကို
လားရှိုးအခြေစိုက်ပရဟိတအသင်းများဖြစ်သည့် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း၊
ပေးသောလက်လူမှုကူညီရေးအသင်း၊ ကမ်းလင့်လက်ပရဟိတအသင်း၊ မေတ္တာစမ်းရေ လူမှုကူညီရေးအသင်းတို့
ပူးပေါင်း၍ လိုအပ်သည့် ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
.
အဆိုပါ ရေကြီးရေလျှံမှုနှင့်
ပတ်သက်၍ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရသေဆုံးမှုရှိ/မရှိနှင့် ပျက်စီးဆုံးရှုံးမှု
အခြေအနေများကို မသိရှိရသေးချေ။
.
Photo – လားရှိုးလူငယ်များ
လူမှုကူညီရေးအသင်း
.
.