.
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ယမန်နေ့ ဩဂုတ်လ ၁၉ ရက်က ရှမ်းပြည်နယ်အခြေစိုက် သတင်း မီဒီယာများအား အကြမ်းဖက်မီဒီယာဟု တံဆိပ်ကပ်ထားသည့် စာများကို လိုက်လံ ကပ်ထားခဲ့ကြောင်း သိရသည်။
.
.ဟိုပုံးမြို့နယ်အတွင်းရှိ
လမ်းများနှင့် စားသောက်ဆိုင်များတွင် ရှမ်းပြည်နယ်အခြေစိုက် သတင်းမီဒီယာ ၄ ခုနှင့်
တော်လှန်ရေးအင်အားစုများ၏ လူမှုကွန်ရက်စာမျက်နှာ ၄ ခုတို့ကို အကြမ်းဖက်ဟု
ရေးသားထားသည့် စတေကာ များကို ကပ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“မနေ့က
ဆိုင်ထဲမှာထိုင်နေတုန်း လာကပ်သွားတာ တွေ့ပါတယ်။ မြို့ထဲက လမ်းတွေမှာလည်း
တော်တော်များများ ကပ်ထားတာ တွေ့ရတယ်” ဟု ဟိုပုံးမြို့ခံ တစ်ဦးက ပြောသည်။
.
ယင်း စတေကာများ ကပ်သွားသည့်အဖွဲ့မှာ
PNO မှဖြစ်သည်ဟု ဒေသခံများက
ပြောဆိုကြပြီး စတေကာပါ သတင်း ဌာနများနှင့် လူမှုကွန်ရက်စာမျက်နှာများကို
မယုံကြည်ကြရန်လည်း ပြောဆိုသွားသည်ဟု သိရသည်။
.
အဆိုပါ စတေကာတွင် ကမ္ဘောဇတိုင်း၊ သျှမ်းသံတော်ဆင့်၊ တာချီလိတ်သတင်းအေဂျင်စီနှင့် ရွှေဖီမြေသတင်းဌာန တို့ကို အကြမ်းဖက်မီဒီယာများဟု ဖော်ပြထားပြီး တောင်ကြီးနွေဦးချန်နယ်၊ TGI Support Revolution၊ Road to Taunggyi နှင့် Channel Taunggyi လူမှုကွန်ရက် စာမျက်နှာများကို PDF အားပေးသူများဟု ရေးသားထားသည်။
.