တောင်ကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံး

.

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီး-ကျောက်တလုံးကြီးသွား လမ်းမပေါ်တွင် ယနေ့ ဩဂုတ်လ ၂၆ ရက်၊ နေ့လယ် ၁ နာရီခန့်က မော်တော်ဆိုင်ကယ်နှင့် အုတ်သယ်ယာဉ် တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

.

.

“ဆိုင်ကယ်ချင်းရှောင်ရင်းနဲ့ တစ်ဘက်က အုတ်တွေတင်လာတဲ့ CANTER ကားအောက်ကို ဝင်ပြီး ကြိတ်မိသွားတာပါ။ နောက်စေ့ပွင့်ပြီး နေရာတင် သေဆုံးသွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

.

အဆိုပါ ကျောက်တလုံးကြီးသွား လမ်းမသည် ယာဉ်အသွားအလာ ရှုပ်ထွေးသည့်နေရာတစ်ခုဖြစ်ပြီး ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားတတ်သည့်အတွက် သတိပြုသွားလာရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

.

Journal Download

Photo of three cats