စက်သုံးဆီဈေး တက်သဖြင့် ဆိုင်ကယ်ကယ်ရီမောင်းသူများ အခက်တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စက်သုံးဆီဈေး တက်သဖြင့် ဆိုင်ကယ်ကယ်ရီမောင်းသူများ အခက်တွေ့

.

တောင်ကြီးမြို့အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ မြို့ရွာဒေသအသီးသီးတွင် 92 Ron စက်သုံးဆီဈေး မြင့်တက်နေသည့် အတွက် ဆိုင်ကယ်ကယ်ရီမောင်းနှင်သူများ အခက်အခဲဖြစ်ပေါ်နေရကြောင်း သိရသည်။

.

.

တောင်ကြီးမြို့ပေါ်တွင် လက်ရှိ ဩဂုတ်လ ၁၆ ရက်၌ 92 Ron စက်သုံးဆီ တစ်လီတာလျှင် ၂၅၀၀ ကျပ်ခန့် ပေးဝယ် နေရပြီး အချို့ရက်များတွင် စက်သုံးဆီ ဝယ်ယူရရှိရန် ခက်ခဲလာနေကြောင်း သိရသည်။

.

“ဆီဈေးတက်နေတော့ ဆိုင်ကယ်ဆွဲရတာလည်း အရင်လို အဆင်မပြေတော့ဘူး။ အရင် ၁၀၀၀ နဲ့ ပို့လို့ရတဲ့ခရီးက ၂၀၀၀ လောက်ယူမှ အဆင်ပြေတော့ မဖြစ်မနေလောက်မှပဲ ဆိုင်ကယ်ငှားစီးကြတော့တယ်။ ဆီဈေးတက်ကတည်းက ဆိုင်ကယ်တွေလည်း အဆွဲပါးသွားတယ်” ဟု ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူတစ်ဦးက ပြောသည်။

.

စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် ဆိုင်ကယ်ကယ်ရီ စီးနင်းသူနည်း ပါးနေသည့်အတွက် ကယ်ရီသမားများကို မှီခိုနေရသည့် မိသားစုဝင်များပါ စားဝတ်နေရေး ခက်ခဲလာနေကြောင်း သိရသည်။

.

“အခုက တစ်ရက်ကို လေးငါးထောင်ရဖို့တောင် မလွယ်တော့ဘူး။ မိသားစု စားဝတ်နေရေးက ရှိသေးတော့ မိုးရွာရွာ၊ နေပူပူ စောင့်ပြီးဆွဲနေရတာပေါ့။ သွားရင်းလာရင်း လမ်းမှာအဖမ်းခံရမှာလည်း ကြောက်နေရသေးတယ်။ စားဖို့တောင် အနိုင်နိုင် ဒဏ်ငွေဆောင်ရရင်လည်း မလွယ်ဘူး” ဟု အခြား ဆိုင်ကယ်ကယ်ရီသမားတစ်ဦးကလည်း ပြောဆိုခဲ့သည်။

.

တောင်ကြီးမြို့ပေါ်တွင် မြို့မဈေးကြီးအနီးတစ်ဝိုက်နှင့် အဓိကကျသည့် လမ်းဆုံများတွင် ဆိုင်ကယ်ကယ်ရီများ ပြေးဆွဲနေပြီး ခန့်မှန်း ခြေအစီးရေ ၃၀၀ ခန့်ရှိနိုင်ကြောင်းသိရသည်။

.

 

Journal Download

Photo of three cats