စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် မီးရှိူ့ခံထားရသည့် ကျေးရွာ တစ်ရွာ၌ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့ ဩဂုတ်လ ၈ ရက်တွင် ပြုလုပ်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဆန္ဒပြမှုကို မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့နှင့် လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်းတို့က ဒေသခံပြည်သူများနှင့်အတူ "မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး တို့အတူရုန်း" စာတန်းအား ကိုင်ဆောင်ကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။