.
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ရေချမ်းကျေးရွာနေ
အမျိုးသားတစ်ဦးကို ဩဂုတ်လ ၂၉ ရက်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးပြီး နေအိမ်ကို
မီးရှို့သွားခဲ့ကြောင်း သိရသည်။
.
.ရေချမ်းကျေးရွာနေ ဦးဇော်မြင့်ကို လက်နက်နှင့် ဗုံးများ တွေ့ရှိသည်ဟုဆိုကာ
စစ်ကောင်စီတပ်သားများ လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
.
ထိုသို့ လာရောက်ဖမ်းဆီးရာတွင် စစ်ကောင်စီတပ်သားများက နေအိမ်အတွင်းရှိ
တန်ဖိုးရှိပစ္စည်းများကို သယ်ဆောင် သွားပြီး နေအိမ်ကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံက
သိရသည်။
.
စစ်ကောင်စီတပ်များသည် ရွာငံမြို့နယ်အတွင်း စစ်ဆေးမေးမြန်းမှုများကို
ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ကင်းပုန်း များလည်း ချထားကြောင်း သိရသည်။
.