အရပ်သားအစိုးရ ကြိုးပမ်းခဲ့သည့် နျူကလီးယားဖျက်သိမ်းရေးကို စစ်ကောင်စီတပ်က ဖျက်ဆီးခြင်းမပြုနိုင်ရေး စောင့်ကြည့်ပေးရန် နိုင်ငံတကာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အရပ်သားအစိုးရ ကြိုးပမ်းခဲ့သည့် နျူကလီးယားဖျက်သိမ်းရေးကို စစ်ကောင်စီတပ်က ဖျက်ဆီးခြင်းမပြုနိုင်ရေး စောင့်ကြည့်ပေးရန် နိုင်ငံတကာကို သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

.

အရပ်သားအစိုးရ ကြိုးပမ်းခဲ့သည့် နျူကလီးယားဖျက်သိမ်းရေးကို စစ်ကောင်စီတပ်က ဖျက်ဆီးခြင်း မပြုနိုင်ရေး စောင့်ကြည့်ပေးရန် နိုင်ငံတကာကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က တိုက်တွန်းပြောဆိုခဲ့သည်ဟု သိရသည်။

.

.

ကုလသမဂ္ဂဌာနချုပ်တွင် ဩဂုတ်လ ၁ ရက်မှ ၂၆ ရက်အထိ ကျင်းပလျက်ရှိသော နျူကလီးယားလက်နက် မပြန့်ပွား ရေး စာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ဆောင်မှုများ ပြန်လည်သုံးသပ်ရေးဆိုင်ရာ (၁၀) ကြိမ်မြောက် ညီလာခံတွင် ဦးကျော်မိုးထွန်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

စစ်တပ်အာဏာသိမ်းမှုကြောင့် အရပ်သားအစိုးရ၏ TPNW တွင် အတည်ပြု ပါဝင်ရေး ကြိုးပမ်းမှုများသည် ထိခိုက်ခဲ့ရ ကြောင်း၊ နျူကလီးယားဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး ယခင်အရပ်သားအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကို ဖျက်ဆီးခြင်း မပြုနိုင်ရန်အတွက် တရားမဝင်စစ်တပ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်ပေးရန် ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုခဲ့သည်။

.

ထို့အပြင် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီ၏ တိုက်တွန်းချက်အတိုင်း မြန်မာစစ်တပ်ကို လက်နက်ရောင်းချပေးနေသည့် နိုင်ငံများအနေဖြင့် လက်နက်တင်ပို့ရောင်းချမှုကို ရပ်တန့်ပေးရန် တောင်းဆိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးဆိုင်ရာ ကတိကဝတ်များကို ဆက်လက် အပြည့်အဝ လိုက်နာသွားမည်ဖြစ်ပြီး နျူကလီးယားအသုံးပြု တိုက်ခိုက်ခြင်းကို ရှုတ်ချကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

.

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၅ နှစ် အရပ်သားအစိုးရလက်ထက်အတွင်း စစ်တပ်က ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိခဲ့သော်လည်း အရပ်သားအစိုးရ အနေဖြင့် နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို အဓိကဦးစားပေး လုပ်ငန်းအဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။

.

မြန်မာနိုင်ငံအနေဖြင့် Convention on Nuclear Safety နှင့် Convention on the Physical Protection of Nuclear Materials ကို ၂၀၁၆ ခုနှစ်နှင့် CTBT ကို ၂၀၁၇ ခုနှစ်တွင် လည်းကောင်း၊ TPNW ကို ၂၀၁၈ ခုနှစ်တွင်လည်းကောင်း ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats