ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာနှင့် ဆေးဝါးများ သွားရောက်လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ချိုးဖြူပြောက်ကျားတပ်ဖွဲ့မှ စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာနှင့် ဆေးဝါးများ သွားရောက်လှူဒါန်း

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအခြေစိုက် ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) က ယနေ့ ဩဂုတ်လ ၄ ရက်တွင် စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်လျက်ရှိသော အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် မိုးကာများ၊ ကျောင်းသုံးစာအုပ်များကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

.

.

JPGF အနေဖြင့် စစ်ကောင်စီတပ်များ အပါအဝင် ၎င်းတို့၏ ဆက်နွယ်သော နေရာ၊ ဌာနများ ၊ ဒလန်များ၊ ပျူစောထီး များနှင့် ၎င်းတို့၏ ဒေါက်တိုင်များကို တိုက်ခိုက်ခြင်းလုပ်ငန်းများအပြင် ယခုကဲ့သို့ စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းလှူဒါန်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။

.

ချိုးဖြူပြောက်ကျား တပ်ဖွဲ့ကို ယခုနှစ်၊ မတ်လ ၇ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ပြီး စစ်ကာင်စီ တပ်သား ၄ ဦး၊ ပင်းတယမြို့နယ်မှ သတင်းပေး ဒလန်ဟုဆိုသူ ၇ ဦး၊ ရွာငံမြို့နယ်မှ ၂ ဦး၊ ရွှေညောင်မြို့မှ ၁ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ကို သုတ်သင်ခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats