မိုးဗြဲအခြေစိုက် ခမရ (၄၂၂) စစ်ကြောင်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ၃ ကြိမ် တိုက်ခိုက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးဗြဲအခြေစိုက် ခမရ (၄၂၂) စစ်ကြောင်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ၃ ကြိမ် တိုက်ခိုက်

.

မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) ၏ ကင်းပုန်း ၂ ခုနှင့် စစ်ကြောင်းကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်တွင် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၃) နှင့် မြို့ပြတော်လှန်ရေးတပ်ဦး URF တို့က ၄ ကြိမ် တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီဘက်မှ အနည်းဆုံး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

.

.

ခမရ (၄၂၂) ၏ ကင်းပုန်း ၂ ခုကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်၊ နေ့လယ် ၁ နာရီခန့်တွင်  မိုးဗြဲ PDF တပ်ရင်း (၁) က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား အနည်းဆုံး ၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း၊ အပြန်အလှန် ပစ်ခတ်မှု ၁ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

ထို့အတူ ယင်းနေ့ မွန်းလွဲ ၃ နာရီတွင် စစ်ကောင်စီ စစ်ကြောင်းကို မိုးဗြဲ PDF တပ်ရင်း (၁)၊ KNDF တပ်ရင်း (၃)၊ URF တို့က ဖြတ်တောက်တိုက်ခိုက်ရာ ၁ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

.

အဆိုပါ ထိတွေ့တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း မိုးဗြဲ PDF က သတင်းထုတ်ပြန်ထားသည်။

.

Journal Download

Photo of three cats