မိုးနဲမြို့နယ်တွင် မီးလောင်မှု ဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးနဲမြို့နယ်တွင် မီးလောင်မှု ဖြစ်ပွား



မိုးနဲမြို့နယ်၊ နောင်ကျော့ရပ်ကွက်၌ ယနေ့ ဩဂုတ်လ ၂၄ ရက်၊ နံနက် ၄ နာရီ ကျော်ခန့်တွင် နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

အဆိုပါ မီးလောင်မှုကို မီးသတ်တပ်ဖွဲ့က သွား‌ေရာက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီခွဲတွင် မီးငြိမ်းသွားသည်ဟု မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။

.

မီးလောင်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့ပြီး မီးလောင်ရသည့် အကြောင်းရင်းကိုမူ မသိရသေးပေ။

.

Journal Download

Photo of three cats