မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို မြန်မာ့တော်ဝင်နဂါး (ဆားလင်းကြီး) ပူးပေါင်းအဖွဲ့မှ ဝင်တိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးထက်မနည်း သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို မြန်မာ့တော်ဝင်နဂါး (ဆားလင်းကြီး) ပူးပေါင်းအဖွဲ့မှ ဝင်တိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးထက်မနည်း သေဆုံး

.

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းကို ယနေ့ ဩဂုတ်လ ၂၁ ရက်၊ နေ့လယ်ပိုင်းက မြန်မာ့တော်ဝင်နဂါး (ဆားလင်းကြီး) အဖွဲ့မှ Aung San Force အဖွဲ့နှင့် ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါး (ဆားလင်းကြီး) (MRDA) က သတင်းထုတ်ပြန်ထားသည်။

.

.

မြန်မာ့တော်ဝင်နဂါးနှင့် ပူးပေါင်းအဖွဲ့က ယနေ့ ဩဂုတ်လ ၂၁ ရက်၊ နေ့လယ်ပိုင်းတွင် ညောင်ဖြူပင်ရဲစခန်းသို့ အနီးကပ် သွားရောက်ပစ်ခတ်ခဲ့ရာ ရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်သားနှင့် ရဲ ၅ ဦးကို ရှင်းလင်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ပစ်ခတ်မှုအတွင်း ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) မှ ပြည်သူ့ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ပြီး ကျည်ဘောက် ၃ ခု ဆုံးရှုံးခဲ့ကြောင်း သိရသည်။

.

ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MR.DA) အနေဖြင့် ပုလဲ၊ ယင်းမာပင်၊ ဆားလင်း၊ ကနီနှင့် ပေါက် စသည့်မြို့နယ်များထိ စစ်ရေးလှုပ်ရှားလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

.

Journal Download

Photo of three cats