.
နန်းထိုက်အောင်စစ်ဆင်ရေး၏
မြို့ပြစစ်ဆင်ရေးစီမံချက်ဖြင့် ယနေ့ ဩဂုတ်လ ၂၆ ရက်၊ နံနက်ပိုင်းက တွံတေးမြို့ပေါ်ရှိ
စစ်ကောင်စီတပ်များ တပ်စွဲထားသည့် မီးသတ်ရုံးနှင့် ဘန်ကာအား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား
၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
.ရန်ကုန်တောင်ပိုင်းခရိုင်၊
တွံတေးမြို့ပေါ်ရှိ စစ်ရေးပစ်မှတ်ဖြစ်သော စစ်ကောင်စီတပ်သား ၂၀ ဦးခန့် တပ်စွဲထားသည့်
မီးသတ်ရုံးနှင့် လုံခြုံရေးဘန်ကာအား M-16
ရိုင်ဖယ်များဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရှေ့ထွက်မိုင်းတစ်လုံး
အနီးကပ်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ တိုက်ခိုက်မှုသည်
တောင်ပိုင်းတိုင်းစစ်ဒေသ၏ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးစီမံချက် အကောင်အထည် ဖော်မှုဖြစ်ကြောင်း
အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)၊ တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။
.
စစ်ဆင်ရေးအား
ရန်ကုန်စစ်ဆင်ရေးဧရိယာ (၆) အခြေပြု S.O.F Squad - 3 (THIRD SQUAD) မှ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး
စစ်ဆင်ရေးမှတ်တမ်းနှင့် အချက်အလက်များအား လုံခြုံရေးအခြေအနေအရ အလျင်းသင့် သလို
ဆက်လက်ဖော်ပြပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.