ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာနှင့် သီးကုန်းရွာကို ်စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်စီးခဲ့သဖြင့် အိမ်ထောင်စု ၁၀၀ ကျော်ခန့် မီးလောင် ဆုံးရှုံးခဲ့ရပြီး အပြစ်မဲ့ပြည်သူ ၅ ဦးလည်း သတ်ဖြတ်ခံရကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန် ပြန်ကြားရေး၏ ထုတ်ပြန်ချက်အရ သိရသည်။
.
စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀၀ ခန့်သည် ဩဂုတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ
အဆိုပါ ကျေးရွာများကို မီးရှို့ခဲ့ရာ အပြစ်မဲ့ပြည်သူ ၅ ဦးကိုလည်း သတ်ဖြတ်ခဲ့သည်ဟု ထုတ်ပြန်ထားခြင်း
ဖြစ်သည်။
.
လက်ရှိတွင် စစ်ကောင်စီတပ်များသည် ယင်းမာပင်မြို့နယ် သလောက်ကျေးရွာနှင့် ဝန်းကုန်းကျေးရွာအနီးသို့ ရောက်ရှိ နေကြောင်း သိရသည်။