.
ပြီးခဲ့သည့် ဇူလိုင်လ
တစ်လတာအတွင်း ကရင်နီ (ကယား) ပြည်နယ်တွင် တိုက်ပွဲ ၄၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ
ဘက်မှ ၈၈ ဦး သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယနေ့ ဩဂုတ်လ ၁ ရက်တွင် ထုတ်ပြန်ထားသည်။
.
.
ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ
၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ကရင်နီပူးပေါင်းတပ်များမှ သုံ့ပန်း တစ်ဦး ဖမ်းမိကာ လက်နက် ငယ်
၂၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ဇူလိုင်လအတွင်း စစ်ကောင်စီတပ်များမှ
လေကြောင်းဖြင့် ၂၁ ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်များ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့်
အရပ်သားပြည်သူ ၂ ဦး သေဆုံး၍ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
အလားတူ စစ်ကောင်စီတပ်များက
ပြည်သူ့ မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ် ၃ စီး၊ နေအိမ်တစ်လုံးတို့ကို မီးရှို့ဖျက်ဆီး
ခဲ့ပြီး ငွေသား သိန်း ၆၀ နှင့် ကားတစ်စီးတို့ကို သိမ်းယူသွားခဲ့ကြောင်း သိရသည်။
.
ဒီးမော့ဆိုမြို့နယ်၊
ဒေါခမီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း KNDF မှရဲဘော်တစ်ဦး ကျဆုံးခဲ့ရ ကြောင်း KNDF က ထုတ်ပြန်ထားသည်။
.