​​ကော်ဘရာစစ်ကြောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် တိုက်လေယာဉ်များ သုံး၍ ထိုးစစ်ဆင်၊ ကော်ဘရာစစ်သည် တစ်ဦး ကျဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

​​ကော်ဘရာစစ်ကြောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် တိုက်လေယာဉ်များ သုံး၍ ထိုးစစ်ဆင်၊ ကော်ဘရာစစ်သည် တစ်ဦး ကျဆုံး


မြ၀တီ - ဝေါ်လေလမ်းရှိ ကော်ဘရာ စစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က အတွဲလိုက်ပစ် ဒုံးများ အပါအဝင် လက်နက်ကြီးနှင့် တိုက်လေယာဉ်များ သုံး၍ တပ်ရင်း များစွာဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယမန်နေ့ ဩဂုတ်လ ၂၃ ရက်၊ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

.

စစ်ကောင်စီတပ်များ ဖြစ်သည့် တပ်မ(၄၄) လက်‌အောက်ခံ ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇)၊ ခမရ (၁)၊ လေ့ကေ့ကော်ဒေသရှိ ခမရ (၁၁၈)၊ ခမရ(၂)၊ လက်ရုံးတပ်များ ဖြစ်သည့် အမြောက်တပ်ရင်း၊ ဒုံးတပ်ရင်းများသည် (၆၀)မမ၊ (၈၁) မမ၊ (၁၂၂)မမ ဟောက်ဝစ်ဇာအမြောက်များ၊ (၈၄)မမ ‌နှင့် MLRS အတွဲလိုက်ပစ် ဒုံးများဖြင့် ယမန်နေ့ နံနက် ၉ နာရီခန့်မှ စတင်၍ အပြင်းအထန် ပစ်ခတ်ကာ ထိုးစစ်ဆင်လာခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားခြင်း ဖြစ်သည်။

.

ထို့အပြင် နံနက်ပိုင်းတွင် တိုက်လေယာဉ် ၂ စီး၊ ညနေပိုင်းတွင် တိုက်လေယာဉ် ၂ စီး အသုံးပြု၍ လေကြောင်းတို က်ခိုက်မှုများအား ကလက်စတာ ဗုံး၊ ပေါင် (၅၀၀) ဗုံး အမြောက်အများ သုံး၍ ဗုံးကြဲတိုက်ခိုက်လာသည်ဟုလည်း ဆိုသည်။

.

တိုက်ပွဲမှာ ညနေ ၄ နာရီအထိ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း ကော်ဘရာစစ်‌ကြောင်းမှ စစ်သည် တစ်ဦး ကျဆုံး၍ ၄ ဦး ဒဏ်ရာ ရရှိခဲ့‌ကြောင်းနှင့် စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှုများ ရှိသော်လည်း အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Journal Download

Photo of three cats