မိုင်းဖုန်းဆရာတော် သည် မိုင်းပန်မြို့ရှိ မွေတော်ကျောင်းတွင် ယမန်နေ့ ဩဂုတ်လ ၆ ရက်၊ ညပိုင်းတွင် တရား ဟောကြားတော်မူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဆရာတော်သည် ယနေ့ ဩဂုတ်လ ၇ ရက်တွင် မိုင်းပန်မှ လင်းခေး - မိုးနဲ - နမ့်စန် ပန်လှိုင်းဆိုင် - ပင်လုံသို့ လည်းကောင်း၊ ဆက်လက်၍ ပင်လုံမှ လွိုင်လင် - ကျိုင်းတုံ - တာချီလိတ် မိုင်းဖုန်းသို့ ကြွချီမည်ဟု တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)က အသိပေးထားသည်။
.
မိုင်းဆတ်မြိုနယ်၊ မိုင်းကျက်ကျေးရွာအနီးရှိ မိုင်းကျက်အထက်ဂူအတွင်း ၃ နှစ်၊ ၃ လ၊ ၃ ရက် တရားကျင့်ကြံ၍ အဓိဌာန်ဝင်တော်မူရာမှ ထွက်တော်မူပြီးနောက် သာသနာပြု ခရီးစဉ်အဖြစ် ကြွချီတော်မူခြင်း ဖြစ်သည်။