တောင်ကြီးမြို့နယ်အတွင်း ပုဒ်မ ၁၄၄ အမိန့် ထပ်မံထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်အတွင်း ပုဒ်မ ၁၄၄ အမိန့် ထပ်မံထုတ်ပြန်

.

တောင်ကြီးမြို့နယ်အား စစ်‌ကောင်စီ လက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဩဂုတ်လ ၁ ရက်တွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အမိန့်ကို ထပ်မံထုတ်ပြန်ထားသည်ဟု သိရသည်။

.




.

ယင်းအမိန့်အရ တောင်ကြီးမြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ် တစ်မျိုးမျိုးကို အသုံးပြု၍ ဖြစ်စေ၊ လူကိုယ်တိုင် ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ် ပြုခြင်းများကို မပြုလုပ်ရန် တားမြစ်သည်ဟု ပါရှိသည်။

.

ထို့အပြင် လူ ၅ ဦး သို့မဟုတ် လူ ၅ ဦးထက် ပိုသောသူများသည် မြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူများ သွားလာလမ်း၊ လမ်းသွယ်လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့် ဆိုင်သောနေရာများတွင် စုဝေးခြင်း မပြုရန်နှင့် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ည မထွက်ရ အမိန့်ကို ထုတ်ဆင့်သည်ဟုလည်း ဖော်ပြထားသည်။

.

“သက်တမ်းတိုးတဲ့ သဘောပါပဲ။ အရင်ကတည်းက အမိန့် ထုတ်ပြီးသား ရှိပါတယ်” ဟု စစ်ကောင်စီ လက်အောက်မှ ဝန်ထမ်း တစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့နယ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်မှ စတင်၍ ပုဒ်မ ၁၄၄ အမိန့် ထုတ်ပြန်ထားခြင်း ဖြစ်ပြီး ညမထွက်ရ အမိန့်ကို မူလက ည ၈ နာရီမှ နံနက် ၄ နာရီထိ  သတ်မှတ်ထားသော်လည်း ၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်တွင် ည ၁၀ နာရီမှ နံနက် ၄ နာရီထိ လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် ည ၁၂ နာရီ မှ နံနက် ၄ နာရီထိ လည်းကောင်း ပြင်ဆင်သတ်မှတ်ခဲ့သည်။

.

 

Journal Download

Photo of three cats