.
တောင်ကြီးမြို့မှ
ဟိုပုံးမြို့သို့ အထွက်တွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များကို စစ်ကောင်စီ
လက်အောက်ခံ အဖွဲ့များက ယနေ့ ဩဂုတ်လ ၂၉ ရက်၌ ယာဉ်မောင်းလိုင်စင် စစ်ဆေးကာ
မပါသူများကို ငွေကျပ် ၃၀၀၀၀ ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။
.
.“ယာဉ်ထိန်းတွေ၊
ရဲရောပါတယ်။ အရင် ရက်တွေက မရှိဘူး၊ ဒီနေ့မှ စစ်တာ။ နောက်ရက်တွေလည်း စစ်တော့မယ်
ထင်တယ်” ဟု ယာဉ်မောင်း တစ်ဦးက ပြောသည်။
.
မြို့အထွက်
တောင်ကြီးစီးပွားရေးစင်တာ အနီးတွင် စစ်ဆေးနေခြင်း ဖြစ်ကာ စစ်ဆေးမှုကြောင့်
ယာဉ်ကြော ကြပ်တည်းမှုများလည်း ဖြစ်ပေါ်ခဲ့ပြီး ဒဏ်ငွေ ဆောင်ရသည့် မော်တော်ယာဉ်
အများအပြားကို တွေ့ရှိခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့
ယာဉ်မောင်းလိုင်စင် စစ်ဆေး၍ ဒဏ်ရိုက်သည်ဟုဆိုကာ ငွေတောင်းခံမှုအပေါ် ပြည်သူများနှင့် မော်တော်ယာဉ် မောင်းသူများက
ဝေဖန်မှုများ ရှိနေကာ ယာဉ်ထိန်းရုံးမှ အမည် မဖော်လိုသူ ရဲအရာရှိကမူ ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်းအရ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။
.