.
ကရင်နီ (ကယား) ပြည်နယ်၊
ရှားတောမြို့နယ်၊ တငူးဆိုဒေသရှိ စစ်ကောင်စီတပ်၏ ပွိုင့် ၅၃၅၀ စခန်းကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့က
မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။
.
.အဆိုပါ တငူးဆို စခန်းကို
ကရင်နီပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ စခန်းမှ ဆုတ်ခွာ သွားသဖြင့်
စခန်းကို မီးရှို့ရှင်းလင်းခဲ့ခြင်းဖစ်ကြောင်း သိရသည်။
.
ရှားတောမြို့နယ်အတွင်း
စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များအကြား ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်များတွင်
တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်
(KNDF) က သတင်းထုတ်ပြန်ထားသည်။
.
တငူးဆို စခန်းကို
ကရင်နီတပ်မတော် KA၊ KNDF
တပ်ရင်း ၁၂၊ ၁၄၊ ၁၇ တို့
ပူးပေါင်းတိုက်ခိုက်ရှင်းလင်းခြင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း
ရှားတောမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်၏ ကြားစခန်းအပါအဝင် စခန်း ၈ ခုကို
သိမ်းပိုက်နိုင်ကြောင်း သိရသည်။
.