ချင်းတွင်းမြစ်အနောက်ဘက်ကမ်းလူထု သပိတ်စစ်ကြောင်းက လူထုတိုက်ပွဲ အရှိန်မြှင့်တင်ကြ ဆောင်ပုဒ်ဖြင့် ချီတက်ဆန္ဒပြ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ချင်းတွင်းမြစ်အနောက်ဘက်ကမ်းလူထု သပိတ်စစ်ကြောင်းက လူထုတိုက်ပွဲ အရှိန်မြှင့်တင်ကြ ဆောင်ပုဒ်ဖြင့် ချီတက်ဆန္ဒပြ

.

ချင်းတွင်းမြစ်အနောက်ဘက်ကမ်းလူထု သပိတ်စစ်ကြောင်းက ယနေ့ ဩဂုတ်လ ၄ ရက်တွင် “လူထုတိုက်ပွဲ အရှိန်မြှင့်ကြ၊ ရာသီသာပြောင်း စိတ်ဓါတ်မပြောင်းတဲ့ ၅/ ” ဆောင်ပုဒ်ခေါင်းစဉ်ဖြင့် လူထုသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

.

.

“ကျွန်တော်တို့ ဒီတော်လှန်ရေးဟာ လုံးဝသွေးအေးသွားလို့ မရပါဘူး။ မတော်လှန်လို့လည်း မရပါဘူး။ ပြည်သူ တစ်ယောက်ချင်းစီတိုင်းက မိမိနိုင်ရာတာဝန်၊ မိမိကျရာနေရာကနေ ပါဝင်တော်လှန်မှသာလျှင် ဒီတော်လှန်ရေးဟာ ပြီးမြောက်အောင်မြင်မှာဖြစ်ပါတယ်။ ရာသီဥတုတွေ ဘယ်လောက် ပြောင်းသွားပါစေ သွေးမအေးဘဲ၊ နောက်မဆုတ်ဘဲ ဆက်လက်တော်လှန်နေဆဲဖြစ်သော ကျွန်တော်တို့ ၅/ တွေဟာ တစ်နေ့ထက်တစ်နေ့ လူထုသပိတ်တိုက်ပွဲတွေတင် မကဘဲ လက်နက်ကိုင်လမ်းစဉ်တွေနဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ် ချေမှုန်းနေကြပါတယ်” ဟု သပိတ်ကော်မတီ ဦးဆောင်သူများက ဟောပြောခဲ့သည်။

.







.

Journal Download

Photo of three cats