.
အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊
Sniper တပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့်
ဇူလိုင်လအတွင်း စစ်ကောင်စီ တပ်သား ၁၀ ဦးကျော် သေဆုံးကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က
ယနေ့ ဩဂုတ်လ ၄ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
.
.
ဖရူဆိုမြို့နယ်၊ ထီူးတောတွင်
တပ်စွဲထားသော ခမရ (၄၂၈) တပ်စခန်းအား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး Sniper အဖွဲ့က ဇူလိုင်လ ၄ ရက်မှ ၂၆ ရက်အတွင်း
၄ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ထို့အတူ ဖယ်ခုံမြို့နယ်၊
လွယ်မကူးတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကိုလည်း ဇူလိုင်လ ၁၃ ရက်က Sniper အဖွဲ့မှ သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်
၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
အလားတူ မိုးဗြဲမြို့နယ်တွင်လည်း
အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး Sniper တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
မိုးဗြဲ၊ ဖယ်ခုံ၊
ဖရူဆို အပါအဝင် ကရင်နီဒေသများတွင် ကရင်နီတပ်မ တော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေး တပ်(KNDF)၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် တော်လှန်ရေးအင်အားစုများ
ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း
သိရသည်။
.