.
တာချီလိတ်မြို့နယ်၊
ပုံလို့လမ်း၊ လားဟူဈေးအနီးရှိ ကြီးမြတ်သော ရွှေမြင်းကလပ်တွင် ယနေ့ ဩဂုတ်လ ၁၉ ရက်၊ ညနေ
၄ နာရီခန့်က အခန်းပြင်ဆင်ရန်အတွက် ဝရိန်ဆော်ရာမှ ပေါက်ကွဲကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.မီးလောင်ကျွမ်းမှုကို
တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များမှ လာရောက်ငြှိမ်းသတ်ခဲ့ရာ
ညနေ ၅ နာရီအချိန်တွင် မီးညွန့်ကျိုးသွားခဲ့ပြီး မီးအား ဆက်လက်ငြှိမ်းသတ်လျက်ရှိကြောင်း
သိရသည်။
.
အဆိုပါ မီးလောင်မှုကြောင့်
ဒဏ်ရာရရှိသူအား တာချီလိတ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။
.