ကရင်နီ(ကယား) ပြည်နယ်၊ဖရူဆိုမြို့နယ်၊
ထီးတော်ကူးရွာ နှင့် ထီးပေါ်ဆိုရွာအနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ
က ပူးပေါင်း တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက် ကျဆုံးမှုများ ရှိကြောင်း လွိုင်ကော်
PDFက ယနေ့သြဂုတ်လ ၂၂ ရက်တွင် ထုတ်ပြန်သည်။
.
လွိုင်ကော် PDF နှင့်အတူကရင်နီတပ်မတော်(KA)
၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ၊ အလယ်ပိုင်းဒေသ အထူးစစ်ဆင်ရေးအဖွဲ့ နှင့်
အလယ်ပိုင်းတိုင်း တပ်ရင်း (၁၁၀၁)တို့က ထီးတော်ကူးရွာ နှင့် ထီးပေါ်ဆိုကျေးရွာ အနီးသို့
စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ယမန်နေ့တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ
ထိခိုက်ကျဆုံးရှုံးမှုများ ရှိခဲ့သော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်းနှင့်
မဟာမိတ်တပ်များဘက်မှလည်း ထိခိုက်ဒဏ်ရာ ရရှိမှု အချို့ရှိခဲ့ပြီး လွိုင်ကော် PDF မှ
ရဲဘော် ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
.