ယင်းမာပင် နှင့် ဆားလင်းကြီးမြို့နယ်မှ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ယနေ့ ဩဂုတ်လ ၆ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ၅၁၃ ရက်မြောက် အဖြစ် " အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက် ဖြစ်တယ် " စာတန်းအား ကိုင်ဆောင်ကာဆက်လက် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.
ထို့အတူ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာ တစ်ရွာတွင် လည်းကောင်း၊ ကျေးရွာ ၃ ရွာ စုပေါင်း၍ သော်လည်းကောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုကို သီးခြားစီ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။