တာချီလိတ်တွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပေါ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံ ဖြစ်ပေါ်နေ

 .

မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်မြို့တွင် ယနေ့ ဩဂုတ်လ ၈ ရက်၊ နံနက်ပိုင်းက မိုးရွာသွန်းမှုကြောင့် မြို့တွင်း နေရာများ၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

.

.

တာချီလိတ်မြို့တွင် ယနေ့ နံနက် ၄ နာရီဝန်းကျင်ကတည်းက မိုးစတင်ရွာသွန်းနေခြင်းဖြစ်ပြီး တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့အကြားရှိ မယ်ဆိုင်ချောင်းရေ တက်လာခြင်းဖြစ်ကြောင်း သိရသည်။

.

မယ်ဆိုင်ချောင်းသည် တောင်ကျရေကြောင့် ရေတက်လာလေ့ရှိသလို ချောင်းရေတက်မှုအပေါ်မူတည်၍ တာချီလိတ် မြို့တွင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats