ဖယ်ခုံမြို့နယ်၌ စစ်ကောင်စီတပ်က လူနေ ကျေးရွာအတွင်းသို့ ယမန့်နေ့ ဩဂုတ်လ ၅ ရက်၊ ည ၉ နာရီခန့်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အသက် ၇၀ အရွယ် အမျိုးသား တစ်ဦး လက်နက်ကြီး စ ထိမှန်ကာ သေဆုံးခဲ့ရသည်ဟု သိရသည်။
.
အဆိုပါ သေဆုံးသူ၏ ဇနီး ဖြစ်သူမှာလည်း ယင်းနေ့ နေ့လယ်ပိုင်းတွင်ပင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
.
စစ်ကောင်စီတပ်သည် လူမဆန်သော လုပ်ရပ်များကို အချိန်မရွေး ပြုလုပ်နေသောကြောင့် ပြည်သူများ အနေဖြင့် လုံခြုံရေးကို အမြဲ သတိရှိကြရန် ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂)က အသိပေးထားသည်။