အောင်ပန်းမြို့၌ ယနေ့ ဩဂုတ်လ ၃၀ ရက်၊ နေ့လယ်ပိုင်းတွင် အမျိုးသား တစ်ဦး ရေတွင်းထဲ ပြုတ်ကျ၍ သေဆုံးခဲ့ရကြောင်း သိရသည်။
.
အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ (၂) နေ ကိုထွန်း၊ အသက် (၄၆)နှစ် သည် ၎င်း၏ နေအိမ်ရှိ ရေတွင်းထဲ မတော်တဆ ပြုတ်ကျကာ သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
.
အဆိုပါ သေဆုံးသူ ရုပ်အလောင်းအား အောင်ပန်း နာရေးကူညီမှုအသင်းက ဆေးရုံ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။