တောင်ကြီးတွင် နေ့စဉ် မိုးသည်းထန်စွာ ရွာသွန်းနေ၍ မြေပြိုမည်ကို ဒေသခံများ စိုးရိမ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် နေ့စဉ် မိုးသည်းထန်စွာ ရွာသွန်းနေ၍ မြေပြိုမည်ကို ဒေသခံများ စိုးရိမ်နေ


မြို့တော် တောင်ကြီးတွင် ယခု ရက်ပိုင်းအတွင်း နေ့စဉ် မိုးသည်းထန်စွာ ရွာသွန်းနေသည့်အတွက် ရေကြီးရေလျှံမှုနှင့်အတူ မြေပြိုမည်ကို ဒေသခံများက စိုးရိမ်နေကြသည်ဟု သိရသည်။

.

တောင်ကြီးမြို့သည် တောင်ပေါ်ဒေသ ဖြစ်သည့်အပြင် မြို့အနောက်ဘက်ခြမ်းရှိ နေအိမ် အများစုမှာ တောင်ကုန်း တောင်စောင်းများတွင် ဆောက်လုပ်ထားခြင်း ဖြစ်သည့်အတွက် မြေပြိုမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

.

“ အဓိက ကတော့ မြို့ အနောက်ဘက်ခြမ်းက အိမ်တွေပေါ့။ အများစုက တောင်စောင်းတွေမှာ ဆောက်ထားကြတော့ ဒီလို မိုး ရွာပုံနဲ့ဆို ပြိုကျပျက်စီးတာတွေ ဖြစ်လာမှာကို စိုးရိမ်တာပါ။ ခုချိန်မှာ ကိုယ်ဖြစ်ရင် ကိုယ်ပဲ ခံကြရမှာ။ အကုန်လုံးလည်း သတိပြု နေကြစေလိုပါတယ်။ လက်ရှိ ကာလက အလှူရှင်ဆိုတာလည်း ရှားပါးတော့လေ။” ဟု တောင်ကြီး ဒေသခံတစ်ဦးက ပြောသည်။

.

တောင်ကြီးမြို့ပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အချိန်တိုင်း နေအိမ်များအတွင်း ရေ ဝင်ရောက်မှုများ ဖြစ်ပေါ်နေသည့် အပြင် ရေမြောင်းကြီးများ မကြာခဏ ရေလျှံမှုနှင့်အတူ တောင်စောင်းများရှိ လူနေအိမ်များ ပြိုကျပျက်စီးမှု ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။

.

အဆိုပါ မြေပြိုမှုနှင့် ရေကြီးရေလျှံမှု အများဆုံးဖြစ်ပေါ်လေ့ရှိသည့် တောင်ကြီးမြို့ပေါ် ရပ်ကွက်များမှာ ကျောင်းကြီးစု၊ ရွှေတောင်၊ ချမ်းမြသာစည်နှင့် ရတနာသီရိ အစရှိသည့် ရပ်ကွက်များ ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats